You are here : Home

To All!

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် (၅)ဦး ဆွီဒင်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်မည်..

Print

Swedish_Parliment

၁၈၉၇မှာ ဆောက်လုပ်ခဲ့ပြီး ၁၉၀၅ခုနှစ်မှာ ပြီးစီးခဲ့တဲ့ နှစ် (၁၀၀)ကျော် သက်တမ်းရှိပြီ ဖြစ်တဲ့ ဆွီဒင်ပါလီမာန် အဆောက်အဦး..
Swedish International Development Cooperation Agency (SIDA)ရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြတဲ့ ဒေါက်တာဒေါ်မေဝင်းမြင့်(မရမ်းကုန်းမြို့နယ်)၊ ဒေါ်ခင်ဋ္ဌေးကြွယ် (မော်လမြိုင်မြို့နယ်)၊ ဒေါက်တာ ဒေါ်သန်းငွေ (ကလောမြို့နယ်)၊ ဒေါ်စန္ဒာမင်း (ဇမ္ဗူသီရိမြို့နယ်)၊ ဒေါက်တာလှမြတ်သွေး တိုင်းဒေသကြီးလွှတ်တော် (ရေကြည်မြို့နယ်) တို့မှ လွှတ်တော်ကိုယ်စားလှယ် (၅)ဦးဟာလာမည့် ဇွန်လဆန်းပိုင်း၌ အခြားပါတီများမှ ကိုယ်စားလှယ်များနှင့်အတူ ဆွီဒင်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်မှာ ဖြစ်ကြောင်း သိရှိရပါသည်...။
ထို့အတူ လာမည့် ဇွန်လဆန်းပိုင်းမှာလည်း ဂျပန်နိုင်ငံမှ (JICA)အဖွဲ့ရဲ့  ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် (၁)ဦးအပါအဝင် အဖွဲ့ချုပ်လူငယ် (၁၀)ဦးနှင့် အခြားနိုင်ငံရေး ပါတီများမှ အဖွဲ့ဝင်များ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး ရောက်ရှိမှာ ဖြစ်ပါတယ်..။

 

ဒီမိုဝေယံ

မန္တလေးမြို့မှာ ယနေ့ညပိုင်းက ပြုလုပ်နေတဲ့ လျှပ်စစ်မီး ပုံမှန်ရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်ပွဲ...

Print

qq

မန္တလေး စွမ်းဟိုတယ်ရှေ့မှ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ထုတ်ဖော် ဆန္ဒပြပွဲ။ ရွှေမရှိလျှင် နေလို့ရသည်..။ (မီး=ရေ) မရှိလျှင် နေလို့မရပါတဲ့

Read more...

"အမေစုကို ဖတ်ကြည့်ခြင်း"

Print

Amay_Suu7

"အမေစုကို ဖတ်ကြည့်ခြင်း"
ကဗျာရှင် ကြီးမြင့်(ရေဦး)
Read more...

Page 1 of 87